နောင်တမလွန်အတွက် စိတ်ချမှု ဘယ်လိုရရှိမလဲ? 

ဒီမေးခွန်းက ရိုးရှင်းပေမယ့် နက်နဲလှပါတယ်။ မေးသမျှထဲမှာ အရေးကြီးဆုံး မေးခွန်းဖြစ်ပါတယ်။ ဒီလောကထဲကနေ ထွက်သွားပြီးနောက် ဘယ်မှာသွားမလဲ မေးခွန်းထက် ပိုအရေးကြီးတဲ့ မေးမွန်း မရှိတော့ပါ။ မိတ်ဆွေရော ဒီလောကကြီးကနေ ထွက်သွားတာနဲ့ ဘယ်သွားမလဲဆိုတာ သိပြီလား။ တမလွန်အတွက် ယုံကြည်စိတ်ချမှု ရှိပြီလား။

၁။ ကျွန်တော်/မ ဟာ အပြစ်ရှိတယ်ဆိုတာ စဉ်းစားမိပါသလား။ 

ဟုတ်ပါတယ်၊ ကျွန်တော်/မ လူတိုင်းအားလုံးဟာ အပြစ်ကနေ ဆင်းသက်လာကြတာဖြစ်ပါတယ်။ “ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သော သူမရှိ၊ တယောက်မျှမရှိ”  ရောမ ၃း၁၀။ “အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျှက်ရှိပါ။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။”ဆာလံ ၅၁း၅ 
လူသားတိုင်းရဲ့အစဟာ အာဒံကနေ ဆင်သက်ကြပါတယ်။  “ထိုနောက်က၊ ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊ သူ၏နှခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏” ကမ္မာဦးကျမ်း ၂း၇။ ဘုရားသခင်က အပြစ်ကင်းစင် ဖန်ဆင်းပေးထားတဲ့ အာဒံနှင့် လင်မယားဟာ ထာဝရဘရားရဲ့ ပညတ်ကို ချိုးဖောက်လိုက်တဲ့အခါ အပြစ်ထဲ ချက်ချင်းကျရောက်ပါတော့တယ်။ ဒါကြောင့် ခုချိန်ထိ လူသားတိုင်းဟာ အာဒံကြောင့် အ ပြစ်သယ်ဆောင်ပါတယ်။ ကလေးတယောက်ဟာ မွေးလာတာနဲ့ အပြစ်လက္ခာဏာကို စတင်ဖော်ပြလာပါတယ်။ ကြီးပြင်းလာတဲ့အခါမှာလည်း ဘယ်သူကမှ သင်ပေးစရာမလိုဘဲ အပြစ်ဒုစရိုက်တွေ အလိုလို လုပ်တတ်လာပါတယ်။ ကြည့်ပါ၊ သတင်းစာတွေ၊ တီဗီမှန်သားပေါ်မှာ၊ လူမှုကွန်ရက် ပလပ်ဖောင်းပေါ်မှာ ကောင်းတဲ့သတင်းထက် ဆိုးတဲ့သတင်းပဲ နေ့တိုင်းတွေ့မြင်ရပါတယ်၊ တယောက်နဲ့တယောက် မနာလိုမှုတွေ၊ မှုန်းတီးမှုတွေ၊ ရန်ညိုးတွေ၊ ဆဲဆိုသံတွေ ဒီအရာအားလုံးဟာ အပြစ်ရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။  မနက်မိုးလင်းတာနဲ့ ညအိပ်ယာဝင်ချိန်ထိ အပြစ်မလုပ်ဘဲ နေနိုင်ပါသလား။ ကာယကံ၊ မနောကံ၊ ဝဇီကံ ဒီကံ (၃) ပါးကိုရော လွန်ဆန်နိုင်ပါသလား။ 

၂။ အပြစ်အတွက် ပြစ်ဒဏ်ရှိတယ် ဆိုတာ သိပါသလား။

သမ္မာကျမ်းစာက အပြစ်တရားရဲ့အခဟာ သေခြင်းဖြစ်တယ် လို့ပြောထားပါတယ်။ ရောမ ၆း၂၃ သေခြင်းဟာ မိတ်ဆွေ ထင်ထားတာထက် ပိုကြောက်စရာကောင်းလှပါတယ်။ သေခြင်းတရားဟာ အပါယ်ငရဲကို ရည်ညွန်းပါတယ်။ သေသွားတဲ့အခါ ခန္ဓာကိုယ်ဟာ စိတ်၊ ဝိညာဉ် နှင့် ခွဲခါရပါတယ်။ ကျွန်တော်တို့ရဲ့အပြစ်က စိတ်၊ ဝိညာဉ်ကို ထာဝရဘုရားသခင်နဲ့ ဝေးကွာစေပြီး အပါယ်ငရဲထဲမှာ ထာဝရ ပေးဆပ်စေပါတယ်။ ဒီဟာကတော့ အပြစ်တရားက အဖိုးအခပါ။ “အသက်စာစောင်၌ စာရင်းမဝင်သောသူရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏” ဗျာဒိတ် ၂၀:၁၄။ 

၃။ အပြစ်ဒဏ်အတွက် အပြစ်သားများ ကိုယ်စား ယေရှုကပေးဆပ်ပေးခဲ့တာ သိပါသလား။

ဟုတ်ပါတယ်၊ ဘုရားသခင်က အပြစ်သားများကို ချစ်ပြီး အပါယ်ငရဲထဲ သွားဖို့ အလိုမရှိပါ၊ ကျွန်တာ်တို့ ကိုယ်တိုင် ခံရမယ့်နေရာမှာ အပြစ်ကင်းတဲ့ သားတော်ဘုရား ယေရှုနဲ့ အစားထိုးပေးခဲ့ပါတယ်။ ကားတိုင်းမှာ အသွေးတော်သွန်းပြီးတော့ အပြစ်သားများကို ရွှေးဝယ်ပေးခဲ့ပါသေးတယ်။ ၁ ပေ ၁း၇  “ဘုရားသခင်၏သားတော် ယေရှုခရစ်တော်၏အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏” 

 ရောမဩဝါဒစာ ၅း၈ “ငါသည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။” 

ယေရှုဟာ သေပြီး၊ သင်္ဂြိုလ်ပြီးတော့ သုံးရက်မြောက်တဲ့နေ့မှာ ရှင်ပြန် ထမြောက်ခဲ့ပါတယ်။ ၁ ကောရိန္သုသြဝါဒစာ ၁၅း၃ “ခရစ်တော်သည် ကျမ်းစာလည်သည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သင်္ဂြိုလ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။” 

၄။ အပြစ်ထဲက လွတ်မြောက်ဖို့ နောင်တရပြီး ယေရှုကို ယုံကြည်လက်ခံပါ။

အပေါ်မှာပြောထားတဲ့ အပြစ်ဒဏ် စီရင်ခြင်းကနေ လွတ်မြောက်ဖို့ တစ်ခုတည်း နည်းလမ်းက ယေရှုခရစ်တော်ပဲ ဖြစ်တယ်။ ခရစ်တော်ခရစ်တော်ကို နှလုံးသားထဲမှာ ယုံကြည် ဖိတ်ခေါ်လိုက်ပါ။ 

ရောမဩဝါဒစာ ၁:၉ …. သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။”

တမန်တော် ၁၆း၃၁ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင်သင်နှင့်သင်၏အိမ်သူ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက်၊” 

ဒီလိုဆုတောင်းနိုင်ပါတယ်။ 

အိုအဖ၊ ကျွန်တော်/မဟာ အပြစ်ရှိမှန်း ဝန်ခံပါတယ်၊ အဲဒီအပြစ်ရဲ့ ပြစ်ဒဏ်က အပါယ်ငရဲဆိုတာလည်း သိပြီး ကျွန်တော်/မရဲ့ ကြိုးစားအားထုတ်မှုဟာ အပါယ်ငရဲထဲကနေ မကယ်နိုင်ဘူး  ဆိုတာလည်း သိပါတယ်၊ အပါယ်ငရဲသို့ မသွားချင်ပါ။ ကျွန်တာ်/မအတွက် ကိုယ်စား အသေခံပြီး၊ သင်္ဂြိုလ်ပြီး သုံးရောက်မြောက်တဲ့နေ့မှာ ထမြောက်ခဲ့တဲ့  ယေရှုခရစ်တာ်ကို ယုံကြည်လက်ခံပါတယ်။

ကျေးဇူးပြုပြီး ရှေ့ဆက်လျှောက်လှမ်းရမယ့် ခြေလှမ်းတိုင်းမှာလည်း ကိုယ်တော်နဲ့ နီးစေတော်မူပါ။  ကယ်တင်ခြင်းအတွက်လည်း ကျေးဇူးတင်ပါတယ်။ ယေရှုနာဘုရား၏နာကို အမှီပြုပြီး ဆုတောင်းပါ၏၊ အာမင်

၅။ ကယ်တင်ခြင်းနှင့်ပါတ်သက်ပြီးတော့ လုံခြုံမှုများ

ယေရှုခရစ်တော်ကို ယုံကြည်လက်ခံပြီး အသက်ဝိညာဉ်ဟာ ဘုရားသခင် လက်ထဲမှာ လုံခြုံမှု ရရှိခဲ့ပါပြီ။ သေပြီး နောင်တမလွန်အတွက် စိုးရိမ် ပူပန်စရာ မလိုတော့ပါ။ 

ယောဟန် ၁၀:၁၈“ထာဝရအသက်ကိုလည်း ငါပေး၏။ သိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။”

မိတ်ဆွေဟာ ယေရှုခရစ်တော်ကို နှလုံးသားထဲမှာ ယုံကြည်ချိန် ခဏလေးအတွင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ တံဆိပ်ခပ်ခြင်းကို ခံရပါတယ်။ မိတ်ဆွေဟာ ဘုရားအပိုင် ဖြစ်တယ်ဆိုတာ လိုလိုပါတယ်။

ဧဖက်ကျမ်း ၁း၁၃ “သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကိုကြားနာ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံကြရပြီ။”  

ပိုမို သိလိုပါက အောက်ပါ ခလုတ်လေးကို နှိပ်ပြီး ဆက်သွယ်မေးမြန်း နိင်ပါတယ်။