My Name is Ahlem. My wife’s name is Shwe Yee.

We are now serving in Mudon, Mon State, Myanmar.

 

Click the button below to read our Testimony.

Subscribe your email to get our prayer letters!
                                               or
click the Botton below to read online!

We are a Baptist Bible Believing Born Again Christian. 

Click the button below to read our statement of faith. 

Meet The Baptist Missionaries Myanmar

img

"အနာဂတ်ဟာ ဘုရားသခင်၏ကတိကဲ့သို့တောက်ပနေသည်"၊ "ပေးဆပ်မှုမရှိဘဲ အောင်မြင်ခြင်းမရနိုင်ပါ၊ အကယ်၍ ပေးဆပ်မှုမရှိဘဲ အောင်မြင်နေရင် ရှေ့မှာ တစ်စုံတစ်ယောက်က ပေးဆပ်ပြီးနေလို့ပါ။"

img

"ဘုရားသခင်အတွက် ကြီးမားတဲ့အရာကို လုပ်ဆောင်ပါ၊ သူ့ဆီကနေပဲ ကြီးမားတဲ့အရာကို မျော်လင့်ပါ။"

img

"ဘုရားသခင်ရဲ့အလုပ်ကို ဘုရားသခင်ရဲ့ နည်းလမ်းအတိုင်း လုပ်ဆောင်မယ်ဆိုရင် ကျန်တာ သူတာဝန်ယူပါလိမ့်မည်"

img

Adoniram Judson

American Baptist missionary to Burma
img

William Carey

American Missionary to India
img

Hudson Taylor

Missionary to China

နောင်တမလွန်အတွက်
သေချာ ဆန်းစစ်ပါ

ဟုတ်ပါတယ်၊ လူတိုင်းအားလုံးဟာ အပြစ်ကနေ ဆင်းသက်လာကြပါတယ်။ (ရောမ ၃း၁၀) မှာ “ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သော သူမရှိ၊ တယောက်မျှမရှိ။” လူသားတိုင်းဟာ အာဒံနှင့်ဧဝကနေ ဆင်းသက်ကြပါတယ်။ (ရောမ ၅း၁၂) . . . “အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့် အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။” အာဒံနှင့်ဇနီး ပြစ်မှားလိုက်တဲ့အပြစ်ဟာ ခုချိန်ထိ လူသားတိုင်းအပေါ်မှာ သက်ရောက်လျှက် ရှိပါတယ်။ အာဒံရဲ့ (ဗီဇ) အပြစ်ကြွေးကြောင့် လောကထဲမှာ အပြစ်ဝင်လာပြီး သေခြင်းတရားနှင့်ကြုံရပါတယ်။ ဧဒင်ဥယျာဉ်မှာ ကနဦး လူရဲ့ ကျဆင်းမှုကြောင့် လူရဲ့ စိတ်နှလုံး၊ ဆန္ဒ၊ ခံစားမှုနှင့် ဇာတိ ခန္ဓာအားလုံးဟာ အပြစ်ဖြင့် ညစ်ညမ်းခဲ့ပါတယ်။ အပြစ်ကြောင့် ကောင်းကင်သုခဘုံသွားဖို့ အစွမ်းအစမရှိပါ။ လူ့ရဲ့စိတ်ဟာ စိတ်ဟာ ဘုရားသခင်ကို ရန်ဘက်ပြု ပြီး ဆန့်ကျင်ပါတယ် (ရောမ ၈:၇)။ ကလေးတယောက်ဟာ မွေးလာတာနဲ့ အပြစ်ရဲ့လက္ခာဏာကို စတင်ဖော်ပြလာပါတယ်။ ကြီးပြင်းလာတဲ့အခါမှာလည်း ဘယ်သူကမှ သင် ပေးစရာမလိုဘဲ အပြစ်ဒုစရိုက်တွေ သူ့အလိုလိုလုပ်တတ်လာတယ်။ (ဆာလံ ၅၁း၅ ) “အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျှက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။” ကြည့်ပါ၊ ကောင်းတဲ့သတင်းထက် ဆိုးတဲ့သတင်းပဲ နေ့တိုင်းတွေ့မြင်ရပါတယ်၊ တယောက်နဲ့တယောက် မနာလိုမှုတွေ၊ မှုန်းတီးမှုတွေ၊ ရန်ညိုးတွေ၊ ဆဲဆိုသံတွေ ကောင်းတာသိရက်နဲ့ မကျင့်နိုင်တွေ မကောင်းတာသိရက်နဲ့ မရှောင်နိုင်တာတွေ ဒီအရာအားလုံးဟာ အပြစ်ရဲ့ သဘော သဘာဝပဲဖြစ်ပါတယ်။ မနက်မိုးလင်းတာနဲ့ ညအိပ်ယာဝင်ချိန်ထိ အပြစ်မလုပ်ဘဲ နေနိုင်ပါသလား။ ကံ (၃)ပါး ဖြစ်တဲ့ ကာယကံ၊ မနောကံ၊ ဝဇီကံကိုရော လွန်ဆန်နိုင်ပါသလား။

သမ္မာကျမ်းစာက (ဟေဗြဲ ၉း၂၇) မှာ “လူသည် တခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကိုခံရ”၊ (ရောမ ၆း၂၃ ) “အပြစ်တရားရဲ့အခကား သေခြင်းပေတည်း” လို့ပြောထားပါတယ်။ သေခြင်းဟာ မိတ်ဆွေ ထင်ထားတာထက် ပိုကြောက်စရာကောင်းလှပါတယ်။ သေခြင်းတရားဟာ အပါယ်ငရဲကို ရည်ညွန်းပါတယ်။ သေသွားတဲ့အခါ ခန္ဓာ ကိုယ်ဟာ စိတ်၊ ဝိညာဉ်နှင့်ခွဲခါရပါတယ်။ ကျွန်တော်တို့ရဲ့အပြစ်က စိတ်၊ ဝိညာဉ်ကို ထာဝရဘုရားသခင်နဲ့ ဝေးကွာစေပြီး အပါယ်ငရဲထဲမှာ ပို့ ဆောင်ပါတယ်။ ဒီအရာက အပြစ်တရားရဲ့အဖိုးအခပါပဲ။ ဗျာဒိတ် ၂၀:၁၄မှာ “အသက်စာ စောင်၌ စာရင်းမဝင်သောသူရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏”

ဟုတ်ပါတယ်၊ ဘုရားသခင်က အပြစ်သားများကို ချစ်ပြီး အပါယ်ငရဲထဲ သွားဖို့အလိုမရှိပါ၊ ကျွန်တာ်တို့ ပေးဆပ်ရမယ့်နေရာမှာ အပြစ်မရှိတဲ့ သားတော်ဘုရားယေရှုနဲ့ အစားထိုးပေးခဲ့ပါတယ်။ လက်ဝါးကပ်တိုင်မှာ အပြစ်သားများအတွက် အသေခံပြီး၊ သင်္ဂြိုလ်ပြီးတော့ (၃) ရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ဥပမာ - လူတစ်ယောက် ရေနစ်နေတဲ့အချိန်မှာ ရေကူးနည်းမလိုအပ်ပါ၊ လိုအပ်တာ ကယ်တင်ပေးမယ့်သူဖြစ်တယ်၊ ဘာ သာတရားရဲ့ ပညတ်ချက်တွေ၊ အဆုံးအမတွေ ကောင်းပေ မယ့် တကယ်တော့ အပြစ်သားတယောက်ဟာ အစွမ်းစားမဲ့ဖြစ်လို့ ကြိုးစားလေလေ အပြစ်ထဲနစ်လေလေပါ။ ယေရှုက နည်းလမ်းမပေးဘဲ လူတွေကို အပြစ်ဒဏ်ကနေ ကိုယ်တိုင် ကယ်တင်ပေးခဲ့ပါတယ်။ (၁ ကော ၁၅း၃) “ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သင်္ဂြိုလ်ပြီးမှ၊ ကျမ်း စာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။” ကားတိုင်မှာ အသွေးတော်သွန်းပြီးတော့ အပြစ်သားများကို ရွှေးဝယ်ပေးခဲ့ပါတယ်။ (၁ ပေ ၁း၇) မှာ “ဘုရားသခင်၏သားတော် ယေရှုခရစ်တော် ၏အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏” (ရောမဩဝါဒစာ ၅း၈) မှာ “ငါသည် အပြစ်ရှိစဉ်ပင်၊ ခရစ် တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ် ၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။”

(ရောမဩဝါဒစာ ၁:၉) မှာ “သင်သည် သခင်ယေရှုကို နှုတ် ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (တမန်တော် ၁၆း၃၁) “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင်သင်နှင့်သင်၏အိမ်သူ အိမ်သားတို့သည် ကယ် တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက်၊” အပြစ်ဒဏ်စီရင်ခြင်းကနေ လွတ်မြောက်ဖို့ တစ်ခုတည်းနည်းလမ်းက ယေရှုအားဖြင့်ဖြစ်တယ်။ ခရစ်တော်ကို စိတ်နှလုံးထဲမှာ ယုံကြည်လက်ခံလိုက်ပါ။ ဒီလိုဆုတောင်းနိုင်ပါတယ်။ အိုအဖဘုရား ကျွန်တော်/မဟာ အပြစ်ရှိမှန်း ဝန်ခံပါတယ်၊ အဲဒီအပြစ်ရဲ့ ပြစ်ဒဏ်က အပါယ်ငရဲ ဖြစ်ပါတယ်။ ကျွန်တော်/မရဲ့ ကြိုးစားအားထုတ်မှုဟာ အပါယ်ငရဲထဲကနေ မကယ်နိုင်ပါဘူး။ ကျွန်တာ်/မအတွက် ကိုယ်စားအသေခံပြီး၊ သင်္ဂြိုလ်ပြီး သုံးရောာက်မြောက်တဲ့နေ့မှာ ထမြောက်ခဲ့တဲ့ ယေ ရှုခရစ်တာ်ကို ယုံကြည်လက်ခံပါတယ်။ ကျေးဇူးပြုပြီး ရှေ့ဆက်ရမယ့် ခြေလှမ်းတိုင်းမှာလည်း ကိုယ်တော်နဲ့နီးစေတော်မူပါ။ ကယ်တင်ခြင်းအတွက်လည်း ကျေးဇူးတင်ပါ တယ်။ ယေရှုဘုရား၏နာမကို အမှီပြုပြီး ဆုတောင်း၏၊ အာမင်